Blog

Summer Swimming Training @ Mingalar Thiri Hotel, Nay Pyi Taw

Mingalar Thiri Hotel News 05 Nov 2014

မင်္ဂလာသီရိဟိုတယ်၏ Fan များအားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်တို့ မင်္ဂလာသီရိဟိုတယ်ရဲ့ Swimming Pool နဲ့ Fitness Center ကို ၁၄.၂.၂၀၁၅ ရက်နေ့မှာ အောင်မြင်စွာနဲ့ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဟိုတယ်မှာ လာရောက်တည်းခိုသူများ အနေဖြင့် Swimming Pool နဲ့ Gym အသုံးပြုခွင့်ကို အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။

ပြင်ပဧည့်သည်တော်များကိုလည်း Swimming Pool နဲ့ Fitness Center member ဝင်ခွင့်ကတ်များ ဆောင်ရွက်ပေးထားပြီး အသုံးပြုသည့် ပမာဏအလိုက် Classic, Gold, Diamond စသည့် Discount ကတ်များကို ပေးသွားမှာ ဖြစ်ပါတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ ကလေးများ ပျော်ရွှင်စွာ ရေကူးသင်နိုင်ရန် အတွက် အခြေခံရေကူး တစ်လသင်တန်းကို ဝါရင့်နည်းပြဆရာဖြင့် မတ်လဆန်းမှစ၍ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုပါက ဟိုတယ်ဖုန်းနံပါတ်များကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
မင်္ဂလာသီရိဟိုတယ်၏ Fan များ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။